{[['
']]}

အခုတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ မြန်မာ Developer တစ်ဦးဖြစ်သူ (ယခင်ကလည်း iDevice အတွက် ဇော်ဂျီကို ကြိုးပမ်းပေးခဲ့သူ၊ Mogok Browser, Likebook App များကိုရေးသားသူ) "ကိုသန့်သက်ခင်ဇော်" က iOS 7 နှင့်အထက်မှာ မြန်မာစာကို ကောင်းမွန်စွာ ဖတ်ရှုနိုင်အောင် စီစဉ်ပေးလိုက်ပါပြီ...
ဇော်ဂျီဖောင့် ဖတ်နိုင်ရန်အတွက်...
မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/M8Es+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကိုနှိပ်ပြီးသွားပါ။
ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး "Install" ဆိုတာကို နှိပ်လိုက်ပါ။
"Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ဇော်ဂျီ) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။
ယူနီကုဒ် ဖတ်နိုင်ရန်အတွက်...
မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/x4at+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကိုနှိပ်ပြီးသွားပါ။
ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး MON3 Anonta1 ကို "Install" ဆိုတာကို နှိပ်လိုက်ပါ။
"Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ယူနီကုဒ်) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။
**မိမိအသုံးပြုမည့် ဖောင့်ကိုသာ ရွေးချယ် Install လုပ်ပါ။ နှစ်ခုလုံး ထည့်ထားပါက ယူနီကုဒ်ဖောင့်သာလျှင် အလုပ်လုပ်ပါလိမ့်မည်**
ပြန်လည်ဖျက်ပစ်လိုပါက Settings -> General -> Profiles -> Remove နှင့် ဖျက်ပစ်နိုင်ပါသည်။
ယခုကဲ့သို့ မြန်မာဖောင့်ကို သွင်းယူပြီးသော်လည်း "Safari Browser" တွင် မြန်မာဆိုက်များအား ဖတ်ရှုရာတွင် မြန်မာစာ မပေါ်သေးပါ။ မြန်မာလို မှန်ကန်စွာ ဖတ်ရှုနိုင်ရန် အောက်ပါအတိုင်း ဆက်လက်၍ လုပ်ဆောင်ပါ..
Safari Browser တွင်ပြင်ဆင်နည်းပထမဦးစွာ "Safari" ကို ဖွင့်ပြီး မြန်မာဆိုက် တစ်ခုကိုဖွင့်ပါ၊ ထိုနောက်


Location ကို Bookmarks တွင်ထားပါ။ အမည်ကို "Zawgyi Force" ဟု ပေးပြီး "Save" လုပ်ပေးလိုက်ပါ။
Bookmark icon

"Zawgyi Force" ကို ရှာပါ၊ တွေ့ရင် Address နေရာတွင် အောက်ပါ code များကို Copy ကူးယူ၍ Replace လုပ်ပါ။
javascript:(function () {var css = document.createElement("style");css.type = "text/css"; css.innerHTML = "body,html,p,textarea,input,* {font-family: 'Zawgyi-One' !important}";document.body.appendChild(css); for (k = 0; k < document.getElementsByTagName('frame').length; k++) { document.getElementsByTagName('frame')[k].contentDocument.body.appendChild(css);} })();
"Save" လုပ်ပါ။
အသုံးပြုနည်းကတော့ မြန်မာစာ မပေါ်သော မည်သည့် ဆိုက်ကိုမဆို အရင်သွားပြီးတာနဲ့ "Bookmarks -> Zawgyi Force" ကို နှိပ်လိုက်ပါ။
အခုဆိုရင် မြန်မာစာများ အလိုလျှောက် ပြောင်းလဲသွားပြီး Safari Browser တွင် မှန်ကန်စွာ ဖတ်ရှုနိုင်ပါပြီ။
Video Tutorial
Special Credit to : ကိုစေတန် (blog.saturngod.net)
Post a Comment