Latest Post :
Home » » Cydia Errors များနှင့် ဖြေရှင်းနည်း

Cydia Errors များနှင့် ဖြေရှင်းနည်း

{[['']]}



iDevice များကို Jailbreak လုပ်ပြီးကြသောအခါ "Cydia" မှတစ်ဆင့် မိမိနှစ်သက်ရာ "Tweaks / Apps) များကို သက်ဆိုင်ရာ Sources များမှ သွင်းယူကြရပါတယ်...

ထိုကဲ့သို့ Sources များ၊ Tweaks နှင့် Apps များသွင်းယူရာတွင် အများဆုံး ဖြစ်ပေါ် တွေ့ရှိရတတ်သော Cydia error များ၊ အဘယ့်ကြောင့် error ဖြစ်ရပုံနှင့် မည်ကဲ့သို့ ဖြေရှင်းရမည်ကို စုစည်း၍ ဖေါ်ပြပေးလိုက်ပါတယ်...

Failed to Fetch




Error သည် အောက်ပါ အခြေအနေများတွင် ဖြစ်ပေါ်တတ်ပါသည်...
Source ရှာမတွေ့နိုင်ခြင်း
URL မှားယွင်းစွာ ရိုက်သွင်းမိခြင်း
Source အပြီးတိုင် ရပ်စဲသွားခြင်း (သို့) Source ပျက်နေခြင်း

ဖြေရှင်းနည်း

များသောအားဖြင့် အဆိုပါ Error သည် အခိုက်အတန့်မျှသာ ဖြစ်နေတတ်ပြီး၊ နာရီအနည်းငယ်ကြာ စောင့်ပြီးနောက် ပြန်လည်၍ Data reload လုပ်ကြည့်ပါ။

အကယ်၍ ဆက်တိုက် ဖြစ်ပေါ်နေပါက Error message ကို သေချာစွာ ဖတ်ရှုပါ၊ URL Repository အလုပ်မလုပ်နိုင်ကြောင်း ဖော်ပြချက်ကို တွေ့ရှိပါက ထို repo ကို Manage > Sources > Edit > Remove လုပ်ပါ။

ဖော်ပြပါနည်းနှင့် Repo ကို Remove လုပ်မရပါက၊ ထို Repo သည် package တစ်ခုအနေနှင့် Installed လုပ်ပြီးသွား၍ ဖြစ်ပါသည်။ ယင်း Repo package ကို ရှာ၍ Uninstall လုပ်ပါ။

POSIX error: Operation Timed Out





ဖြေရှင်းနည်း

မိမိ Device သည် Internet connection Online ချိပ်မိစေရန် သေချာစွာ ပြန်စစ်ပါ။
ဆက်တိုက် ဖြစ်ပေါ်နေပါက Repository server မှာ ယာယီ Offline ဖြစ်နေသောကြောင့် ဖြစ်ပါလိမ့်မည်။ ပြန်လည် ကြိုးစားကြည့်ပါ။
(အကယ်၍ အဆင်မပြေပါက Repo ကို အထက်ပါ နည်းအတိုင်း Remove လုပ်ပါ)

GPG error





သည် Repository နှင့် iOS တွဲဖက်၍ မရသောအခါမျိုးတွင် ဖော်ပြတတ်ပါသည်။
ဤပြဿနာသည် အန္တရာယ်မရှိနိုင်၍ စိတ်ချလက်ချ လစ်လျူရှုထားနိုင်ပါတယ်။ (Remove/Uninstall လုပ်လိုပါက လုပ်နိုင်ပါသည်)

User Unreachable





Error သည် Repo ကို search လုပ်နေသော အချိန်တွင် server overload ဖြစ်၍၎င်း၊ Repo တွင် ပြဿနာရှိ၍သော်၎င်း မကြာခဏ ဖြစ်ပေါ်တတ်ပါသည်။

ဖြေရှင်းနည်း

မိမိ၏ Internet connection ကို ပြန်စစ်ပါ။
ရံဖန်ရံခါ အချိန်စောင့်ဆိုင်းပြီး ပြန်လည် သွင်းယူပါက အလိုလို ပြေလည်သွားတတ်ပါသည်။

HashSum Mismatch





Error ကို App များ Install လုပ်တဲ့အချိန်မှာ တွေ့ကြုံရတတ်ပါတယ်။ ထိုအခါမှာ Internet connection ကို စစ်ပါ။ Connection အားလုံးကောင်းနေသော်လည်း Cydia server overload ဖြစ်နေတဲ့အခါတွင်လည်း ဖြစ်ပေါ်တတ်ပါတယ်။
အချိန်အနည်းငယ် စောင့်ပြီးမှ ပြန်လည် ကြိုးစားကြည့်ပါ။

HTTP/1.1 500





သည် Source package များ၏ hosting Internal server error ကြောင့် ဖြစ်ပေါ်တတ်ပါသည်။
အချိန်အနည်းငယ် စောင့်ပြီးမှ ပြန်လည်၍ ကြိုးစားကြည့်ပါ။

MergeList Problem





"You exceeded the number of packages" message ဟု တက်လာသော ယခု Error သည် လတ်တလောတွင် အဖြစ်အများဆုံး error တစ်ခုဖြစ်သည်။ Source ပေါင်းမြောက်များစွာ သွင်းယူသောအခါမျိုးတွင် ကြုံတွေ့ရတတ်ပါတယ်။
ဤ error သည် Cydia error မဟုတ်ပဲ သွင်းယူထားသော Sources များထဲတွင် ကောင်းမွန်စွာ အလုပ်မလုပ်နိုင်သော source တစ်ခု (သို့) အချို့ ရှိနေသောကြောင့် ဖြစ်ပါတယ်။

ဖြေရှင်းရန်အတွက် ပြဿနာရှိနိုင်သည်ဟု ယူဆသော Source အချို့ကို (Remove/Uninstall) လုပ်ပါ။

Sub-process /usr/bin/dpkg returned an error code (1)





Cydia မှ package file များကို သွင်းယူရန်အတွက် လိုအပ်သော Disk space မိမိ Device တွင် မကျန်ရှိတော့သည့်အခါ ဖြစ်ပေါ်တတ်သည်။ မလိုအပ်သော အချို့ file များကို ဖျက်ပြီး storage ကို စစ်ဆေး၍ ပြန်လည် သွင်းယူပါ။
(File များကို ရှင်းလင်းရန် iCleaner pro ကို အသုံးပြုနိုင်ပါတယ်)

Some index files failed to download, they have been ignored, or old ones used instead





သွင်းယူထားပြီး ဖြစ်သော sources များထဲမှ တစ်ခု (သို့) အချို့ source များသည် ယာယီ/အမြဲ ပိတ်သိမ်းသွားသည့် အခါများ၊ URL မှားယွင်း ရိုက်သွင်းမိသည့် အခါများတွင် ဖြစ်ပေါ်တတ်သလို မိမိ၏ connection က source ကို တစ်ခုခုကြောင့် တားမြစ်လက်မခံသည့် အချိန်မျိုးတွင်လည်း ဖြစ်ပေါ်တတ်ပါသည်။

ပြန်လည်ကြိုးစား သွင်းယူကြည့်ပါ။ လုံးဝ အဆင်မပြေတော့ရင် source ကို Remove/Uninstall လုပ်ပါ။

Trying to overwrite ****, which is also in package [package]





မိမိသွင်းယူလိုက်သော package အသစ်တွင် အရင်က သွင်းယူနှင့်ပြီးထားသော package အတွင်းမှ file name များတူနေသည့်အခါ package အသစ်ကို သွင်ယူနိုင်မည် မဟုတ်ချေ။ ထိုအခါမျိုးတွင် တရားဝင် မူရင်းပိုင်ရှင် မဟုတ်သော sources များကို Uninstall လုပ်ပြီးမှသာ သွင်းယူနိုင်ပါလိမ့်မည်။


credit to >>>>မိုးသိကြား

Share this article :

Post a Comment

 
𝕾𝖚𝖕𝖕𝖔𝖗𝖙 : 𝕮𝖗𝖊𝖆𝖙𝖎𝖓𝖌 𝖂𝖊𝖇𝖘𝖎𝖙𝖊 𝓨3𝓚𝓗
𝕮𝖔𝖕𝖞𝖗𝖎𝖌𝖍𝖙 © 2011~2019 Pro Skill - 𝕬𝖑𝖑 𝕽𝖎𝖌𝖍𝖙𝖘 𝕽𝖊𝖘𝖊𝖗𝖛𝖊𝖉
𝕿𝖊𝖒𝖕𝖑𝖆𝖙𝖊 𝕮𝖗𝖊𝖆𝖙𝖎𝖓𝖌 𝖂𝖊𝖇𝖘𝖎𝖙𝖊 𝕻𝖚𝖇𝖑𝖎𝖘𝖍𝖊𝖉 𝖇𝖞 𝓨3𝓚𝓗
𝕻𝖗𝖔𝖚𝖉𝖑𝖞 𝖕𝖔𝖜𝖊𝖗𝖊𝖉 𝖇𝖞 𝕭𝖑𝖔𝖌𝖌𝖊𝖗