Latest Post :
Home » » Samsung Galaxy Mega 6.3 - i9205 ကို Root လုပ်ပြီး မြန်မာစာထည့်နည်း

Samsung Galaxy Mega 6.3 - i9205 ကို Root လုပ်ပြီး မြန်မာစာထည့်နည်း

{[['']]}

Samsung Galaxy Mega 6.3 - i9205 ကို Root လုပ်ပြီး မြန်မာစာထည့်ရအောင်



Downloading..... ဝင်နည်း



Odin3 V3.07 ဆော့ဝဲ၏ အနေအထား









ကိုယ်တိုင် စမ်းသပ်ပြီးထားပုံ









Root နဲ့ MM Font အတွက် လိုအပ်တဲ့ဖိုင်ကို



( ဒီမှာဒေါင်းပါ )

( ဒီလင့်မှာလဲ ဒေါင်းနိုင်ပါတယ် )

( ဒီလင့်မှာလဲ ဒေါင်းနိုင်ပါတယ် )



ဒေါင်းပြီးရင် ဇစ်ဖြေလိုက်ပါ ဇစ်ဖြေလို့ရလာတဲ့ ဖိုဒါထဲက

Root Check Pro V1.2.1

Super SU V1.34

SAMUNGMMfont V1.0.1

အဲ့ သုံးခုကို ဖုန်းမန်မိုရီကဒ်ထဲကို ထည့်ထားပေးပါ



သင့်ဖုန်းကို PC နဲ့ချိတ်တဲ့အခါမှာ USB ကိုPC ကသိဖို့ samsung kies ကို PC မှာအင်စတောလုပ်ထားဖို့လိုပါတယ် သွင်းထားတာမရှိပါက ( ဒီမှာဒေါင်းပြီး )အင်စတောလုပ်လိုက်ပါ



samsung kies ကို PC မှာသွင်းပြီးပြီဆိုရင် သင့်ဖုန်းရဲ့USB debugging ကို အမှန်ခြစ်ပေးပြီး ကြိုးချိတ်ရပါမယ်

USB debugging စာ ရှာမတွေ့သူများ ( ဒီမှာနှိပ်ပြီးသွားဖတ်လိုက်ပါ )



ကဲ့ အားလုံးပြီးပြီဆိုရင် ဖုန်းကိုပါဝါပိတ်လိုက်ပါ ။

ပြီးရင် Power + Home + Vol Down ခုလုတ်သုံးခုကိုဆွဲလျှက်ဖိထားပါ စာတွေပေါ်လာပြီဆိုရင်လွှတ်လိုက်ပါ အဲဒီမှာ Vol Up ခုလုတ်ကိုတစ်ချက်နှိပ်လိုက်ပါ ဖုန်းမှာDownloading...... ဆိုပြီးပြနေပါလိမ့်မယ်



ပြီးရင်ဖုန်းကို PC နဲ့ USB ကြိုးချိတ်ပေးလိုက်ပါ

PC မှာ ခုဏက ဇစ်ဖြေလိုက်တဲ့ ဖိုဒါထဲက Odin3 V3.07 ဆော့ဝဲကိုဖွင့်လိုက်ပါ ပုံထဲကအတိုင်း အပေါ်ဘယ်ဘက်ထောင့်က အကွက်သေးလေးထဲမှာ အရောင်လေးပြနေရပါမယ် သင့်ဖုန်းကိုPC ကသိနေပါပြီ





သေချာပြီဆိုရင် PDA ဆိုတဲ့နေရာမှာ အမှန်လေးခြစ်ပေးပြီး PDA ကိုနှိပ်လိုက်ပါ My Documents ဘောက်လေးထွက်လာပါမယ်



အဲဒီမှာကိုယ်ဒေါင်းပြီး ဇစ်ဖြေလိုက်တဲ့ဖိုဒါထဲသို့ သွားလိုက်ပါ အဲ့မှာ Galaxy Mega 6.3 i9205 boot.img ဆိုတဲ့ကောင်လေးကိုရွေးလိုက်ပါ Odin ထဲရောက်သွားပါပြီ ပြီးရင် Startကိုနှိပ်လိုက်ပါ Odin က အလုပ်လုပ်နေပါလိမ့်မယ် ပြီးတာနဲ့အော်တို ပါဝါပြန်ဖွင့်လာပါလိမ့်မယ် အားလုံးသေချာပွင့်ပြီးရင် ကြိုးဖြုတ်လိုက်လို့ရပါပြီ ။



( """ ထိုတဲ့သို့နောက်တစ်ကြိမ် """ ဖုန်းကိုပါဝါပိတ် Downloading...... ဝင် Odin က PDA မှာ အမှန်လေးခြစ်ပေးပြီး PDA ကိုနှိပ် Galaxy Mega 6.3 i9200 CWM ကိုရွေးပြီး Start ကိုနှိပ်လိုက်ပါ ပြီးတာနဲ့အော်တို ပါဝါပြန်ဖွင့်လာပါလိမ့်မယ် အားလုံးသေချာပွင့်ပြီးရင် ကြိုးဖြုတ်လိုက်လို့ရပါပြီ ။ )



ပြီးရင် သင့်ဖုန်းထဲက My File ထဲသွားပြီး သင့်မန်မိုရီကဒ်ထဲမှာထည့်ထားတဲ့ Super SU V1.34ဆိုတဲ့ Apk လေးကို အင်စတောလုပ်ပေးလိုက်ပါ ။ Root Check Pro V1.2.1 ကိုလဲ အင်စတောလုပ်ပေးလိုက်ပါ ။

ပြီးရင်အပြင်မှာ Super SU အိုင်ကွန်လေးရောက်နေပါပြီ နှိပ်ဖွင့်လိုက်ပါ သူမေးတာ OK သာရွေးဖြေလိုက်ပါ ဖုန်းကို Restart ချဖို့ရန်စာပေါ်လာပါမယ် နှိပ်ပေးလိုက်ပါ ပိတ်ပြီးပြန်ပွင့်လာပါမယ် ။ Root ဖြစ်သွားပါပြီ :)



Root ဖြစ်မဖြစ် စစ်ဆေးနိုင်တဲ့ Root Check Pro အိုင်ကွန်ထဲကိုဝင်လိုက်ပါ စာမေးရင် Grantဆိုတဲ့စာကိုသာ ရွေးပေးလိုက်ပါ ။ Root အောင်မြင်ကြောင်း စာအစိမ်းရောင်နဲ့ ပြနေပါလိမ့်မယ် ။

မပြလဲကိစ္စမရှိပါဘူး CWM ဝင်သွားပြီးတဲ့အတွက် မြန်မာဖောင့် ထည့်လို့ရပါတယ် မြန်မာဖောင့်ထည့်လိုက်ကြရအောင်...



×××××××



မြန်မာဖောင့်ထည့်နည်း



ပြီးရင် ဖုန်းကိုပါဝါပိတ်ပါမယ် ။ ပြီးရင် Power + Home + Vol Upခုလုတ်သုံးခုကိုဆွဲလျှက်ဖိထားပါ အပေါ်နားမှာ စာတန်းအနီနဲ့ ဆမ်ဆောင်းလိုဂိုပေါ်လာပြီဆိုရင်လွတ်ပေးလိုက်ပါ

Recovery ဖြစ်တဲ့ စာတွေထဲရောက်သွားပါပြီ ။

အောက်ကပြထားတဲ့စာများကို အသံအတိုးအကျယ်ခုလုတ်နဲ့ သွားရွေးချယ်ပြီး ။ ပါဝါခုလုတ်နှင့် OK အဖြစ် ရွေးချယ်ပါ ။



install zip update pakage >>>>>> choose zip from external sdcard >>>>>SAMSUNGFont V1.0.1 >>>> Yes - Install SAMSUNGMMfont ကိုရွေးပေးလိုက်ပါ အင်စတောပြီးသွားရင် Go Back+++++ >>>>> reboot systen now >>>> ဖုန်းမှာ ပိတ်သွားပြီး ပြန်ပွင့်လာပါလိမ့်မယ် သင့်ဖုန်းမှာ မြန်မာလိုနေရာတိုင်း မြင်ရသွားပါပြီ



မြန်မာကီးဘုတ်ကိုတော့ ( ဒီမှာဒေါင်းပြီး ) ဖုန်းထဲအင်စတောလုပ်လိုက်ပါ ကိုယ်တိုင်သာချိန်းလိုက်ပါနော် မရှင်းပြတော့ပါဘူး တိန့် တိန် တိန် :D

ကိုယ်တိုင်စမ်းသပ်ပြီးထားတဲ့အတွက် အားလုံးပဲ အဆင်ပြေကြပါစေ.....



Credit to : Djjoe Man (MMF)

Share this article :

Post a Comment

 
𝕾𝖚𝖕𝖕𝖔𝖗𝖙 : 𝕮𝖗𝖊𝖆𝖙𝖎𝖓𝖌 𝖂𝖊𝖇𝖘𝖎𝖙𝖊 𝓨3𝓚𝓗
𝕮𝖔𝖕𝖞𝖗𝖎𝖌𝖍𝖙 © 2011~2019 Pro Skill - 𝕬𝖑𝖑 𝕽𝖎𝖌𝖍𝖙𝖘 𝕽𝖊𝖘𝖊𝖗𝖛𝖊𝖉
𝕿𝖊𝖒𝖕𝖑𝖆𝖙𝖊 𝕮𝖗𝖊𝖆𝖙𝖎𝖓𝖌 𝖂𝖊𝖇𝖘𝖎𝖙𝖊 𝕻𝖚𝖇𝖑𝖎𝖘𝖍𝖊𝖉 𝖇𝖞 𝓨3𝓚𝓗
𝕻𝖗𝖔𝖚𝖉𝖑𝖞 𝖕𝖔𝖜𝖊𝖗𝖊𝖉 𝖇𝖞 𝕭𝖑𝖔𝖌𝖌𝖊𝖗