Latest Post :
Home » » ၀က်နံရိုး နဲ့ ကြာမဆိုင်

ဝက်နံရိုး နဲ့ ကြာမဆိုင်

{[['']]}





ဝက်နံရိုး ကြာဆိုင်ဟင်းချို အရည်သောက်လေးပါ။ ကြာမဆိုင်အပြင် တခြား ဟင်းသီးဟင်းရွက်တွေပါ ထည့်ချက် ထားသည်မို့ တမူထူးခြားပြီ သောက်လို့ အရမ်းကောင်းပါတယ်။ ၀က်နံရိုးကလည်း နူအိပြီ ချိုချဉ် အရသာလေးကို ရရှိမှာပါ။ တူတူချက်ကြည့် ရအောင်…

ပါဝင်ပစ္စည်းများ
ဝက်နံရိုး – ၃၀ ကျပ်သား (၁လက်မအရွယ် ပိုင်းဖြတ်ပါ)
ကြာမဆိုင် – ၁ထုပ် (ရေစင်အောင် ဆေးပြီ ၂လက်မအရွယ်များ ပိုင်းဖြတ်ပါ)
ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ၈စိပ်စိပ်ပါ)
ပန်းပွင့် – တစိတ် (အတုံးသေးများ တုံးပါ)


ပဲပြား – ၁တုံး (အတုံးများ တုံးပါ)
ဘိုစားပဲ – ၅ခု (အရှည် အစောင်းလှီးပါ)
ပြောင်းဖူးသေး – ၄ခု (အရှည်အစောင်းလှီးပါ)
ကြက်သွန်မြိတ် – စည်းဝက် (အရှည်အစောင်းလှီးပါ)
သံပရာသီး – ၂လုံး (အရည်ညှစ်ရန်)
ငရုတ်သီးတောင့်နီ – ၂ခု (ထပ်ခြမ်းခြမ်းပါ)
ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က်
ဆား ၊ ကြက်သားမှုန့်




ချက်ပြုတ်နည်း

၁။ အရင်ဆုံး ၀က်နံရိုးများကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တ၀က်) တို့ဖြင့် သမအောင် ရောနုယ်ထားပါ။

၂။ ထို့နောက် ဒယ်အိုးတစ်ခုထဲ ရေ(၆ခွက်) ထည့်ပြီ ပွက်ပွက်ဆူအောင် တည်ထားပါ။

၃။ ဆူလာလျှင် ၀က်နံရိုးများထည့်ပြီ နူအောင် ၄မိနစ်ခန့် မီးပြင်းပြင်းဖြင့် အဖုံးအုပ်ပြီ တည်ပေးပါ။

၎။ ပြီမှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးတောင့်၊ ဟင်းသီးဟင်းရွက် (ပန်းပွင့်၊ ဘိုစားပဲ၊ ပြောင်းဖူးသေး) တို့ကို ထည့်ပေးပြီ ရောမွှေလိုက်ပါ။




၅။ ပြီနောက် ကြာမဆိုင်၊ ပဲပြား၊ ခရမ်းချဉ်သီး တို့ကို ထည့်ပေးပါ။

၆။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သံပရာရည် တို့ကို ထည့်ပေးပြီ သမအောင် ရောမွှေလိုက်ပါ။




ရ။ အရသာအနေတော်လျှင် အပေါ်မှ ကြက်သွန်မြိတ်များအုပ်ပြီ ၀က်နံရိုး နှင့် ကြာမဆိုင် ဟင်းချိုကို စားသုံးလို့ရပါပြီ…







Credit to>>> http://www.wutyeefoodhouse.com/


Share this article :

Post a Comment

 
𝕾𝖚𝖕𝖕𝖔𝖗𝖙 : 𝕮𝖗𝖊𝖆𝖙𝖎𝖓𝖌 𝖂𝖊𝖇𝖘𝖎𝖙𝖊 𝓨3𝓚𝓗
𝕮𝖔𝖕𝖞𝖗𝖎𝖌𝖍𝖙 © 2011~2019 Pro Skill - 𝕬𝖑𝖑 𝕽𝖎𝖌𝖍𝖙𝖘 𝕽𝖊𝖘𝖊𝖗𝖛𝖊𝖉
𝕿𝖊𝖒𝖕𝖑𝖆𝖙𝖊 𝕮𝖗𝖊𝖆𝖙𝖎𝖓𝖌 𝖂𝖊𝖇𝖘𝖎𝖙𝖊 𝕻𝖚𝖇𝖑𝖎𝖘𝖍𝖊𝖉 𝖇𝖞 𝓨3𝓚𝓗
𝕻𝖗𝖔𝖚𝖉𝖑𝖞 𝖕𝖔𝖜𝖊𝖗𝖊𝖉 𝖇𝖞 𝕭𝖑𝖔𝖌𝖌𝖊𝖗