Latest Post :
Home » » Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ

{[['']]}






အမေး Tue, Aug 20, 2013 at 7:15 AM ကျနော် လိပ်ဂေါင်း ရောဂါ ဖြစ်ချင်သလိုဖြစ်နေပါတယ်။ ဝမ်းချုပ်ရာကဖြစ်ချင်နေပါတယ်။ အရမ်း အဆိုးကြီး မဟုတ်ပေမဲ့ စစဖြစ်ချင်းတုန်းက အရမ်းနာပါတယ်။ ခုတော့ မနာတော့ပါဘူး။ နဲနဲကြာ ရင် အရေနဲနဲ ထွက်ပြီး နံပါတဲ။ ဆေးခန်း ပြရမှာလဲ ရှက်လို့ပါ။ သောက်ဆေး လိမ်းဆေး သုံးလို့ရရင် ညွန်ပြပေးစေချင်ပါတယ် ခင်ဗျား။ English လို ဘယ် လိုခေါ်ပါသလဲ ခင်ဗျား။

လိပ်ခေါင်းရောဂါ ဖြစ်လာနိုင်တာတွေက -

၁။ ဝမ်းချုပ်ရင် ညှစ်ရရင် သွေးထွက်တာ ဖြစ်နိုင်တယ်။ ဝမ်းမချုပ်စေတဲ့ အစားအစာ စားပါ။ ရေများများ သောက်ပါ။

၂။ အဆင်မသင့်ရင် လိပ်ခေါင်းမှာ သွေးပြန်ကြောပိတ်လို့ ရုတ်တရက် အတင်းနာပြီး၊ မထိုင်နိုင် ဖြစ်လာတတ်တယ်။ ချက်ချင်း သွေးကြောပိတ်နေတာကို ခွဲပြစ်ရမယ်။ စိုးရိမ်စရာ မလိုပါ။ ပြင်ပလူနာအဖြစ်တောင်မှ ခွဲပေးလို့ ရတတ်တယ်။

၎။ ထွက်နေတဲ့ လိပ်ခေါင်းက ပြန်မဝင်တာ ဖြစ်တတ်တယ်။ ကိုယ့်လက်နဲ့ကိုယ် ပြန်သွင်းရင် ရမှာဖြစ်ပေမဲ့ အမှုမဲ့အမှတ်မဲ့ နေသူတွေမှာ ထွက်နေတဲ့ လိပ်ခေါင်းက ရောင်လာလို့ ပြန်သွင်းမရ ဖြစ်နိုင်တယ်။ ဖြစ်ရင် လိပ်ခေါင်းကို (ဆားခါး) မှုံ့ကို အဆီ (ပါရာဖင်ဆီ) တခုခု ဆွတ်ထားတဲ့ ပတ္ထီး၊ အဝတ်စမှာ တင်ပြီး လိပ်ခေါင်းပေါ် ကပ်ထားပေးရင် အရောင်ကျပြီး၊ ပြန်သွင်းလို့ ရလာမယ်။

၅။ ဝမ်းသွားတဲ့အခါ နာတာ။ ဒါတွေဘဲ ဖြစ်မှာပါ။

လိပ်ခေါင်းကနေ သွေးထွက်ရင် သွေးတိတ်ဆေးတွေက သိပ်မထိရောက်ပါ။ သွေးထွက်တာ ကြာကြာဖြစ်လို့ သွေးအား နည်းနေမယ်။ အသားအရေ ဖြူရော်ရော် ဖြစ်နေတာနဲ့ အကြမ်းဖျဉ်း သိနိုင်တယ်။ သွေးအားကောင်းဆေး Ferrous Sulfate စတာမျိုး သောက်ပါ။ သံဓါတ်က ဝမ်းချုပ်တတ်ပြန်တယ်။ ဟင်းနုနွယ်ရွက်၊ ကန်ဇွန်းရွက်၊ ဒယ်အိုး-ဟင်းအိုးမှာ ချက်-ပြုတ်-ကျော်တဲ့အခါ အမဲရောင်အရည်ထွက်တဲ့ အသီးအရွက်တိုင်း သံဓါတ်တာမို့ ရွေးစားပါ။ ခါးရမ်းသီး၊ ဘောက်ရွက်။ အမဲ-ဝက်-ကြက် အသဲကလဲ သွေးအား ကောင်းစေတယ်။

ဝမ်းပြော့အောင်စားရမဲ့ အမျဉ်များအစာခေါ်တဲ့ အစားအစာတွေက အကြမ်းဖျင်းပြောရရင် အသီးအရွက်-အသီးအနှံတွေ အကုန်လုံးလိုလိုပါ။ သခွါးသီး၊ ပဲသီး၊ ရုံးမတီ (ရုံးပတီး)သီး၊ မုံလာ ဖြူ-နီ-စိမ်း၊ အာလူး၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပဲ အမျိုးမျိုး၊ ကြက်သွန်နီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ သင်္ဘောသီး၊ မာလကာသီး၊ စွန်ပလွန်သီး၊ ဘယ်ရီသီး၊ သစ်တော့သီး၊ ကီဝီသီး၊ စပျစ်သီး၊ ပန်းသီး၊ နေကြာစေ့၊ မြေပဲဆံ၊ အုံးသီးဆံ၊ ငှက်ပြောသီး၊ လိမ်မော်သီး၊

ဝမ်းချုပ်ရင် ပြင်းတဲ့ ဝမ်းနုတ်ဆေး အစား ခပ်ပြော့ပြော့သောက်ပါ။ ကောင်းတာက Milk of Magnesia or Cream of Magnesia ခေါ်တဲ့ ဆေးရည်ကို မအိပ်ခင် ဟင်းစားဇွန်း ၂ ဇွန်းသောက်ပါ။

ဝမ်းသွားတဲ့အခါ နာတာဖြစ်ရင် လိပ်ခေါင်းထည့်ဆေး တခုခုကို ဝမ်းမသွားခင် ထည့်ပေးလို့ရတယ်။ ဆေးတောင့်လဲ လာတယ် (ခရင်မ်) လဲလာတယ်။ တချို့က ချောဆီသဘောဖြစ်ပြီး၊ တချို့က ထုံဆေးသဘောဖြစ်တယ်။

ခန္ဓာကိုယ် အဝမလွန်စေနဲ့။ အနေအထိုင် ဂရုစိုက်ပါ။ ကြမ်းပြင်မှာ ဆောင့်ကြောင့် မထိုင်ပါနဲ့။ ဗမာပြည်မှာ မီးလှုံရင်း၊ မြေစိုက် မီးဖိုမှာ ထမင်းချက်ရင်း၊ သန်းရှာရင်း စသဖြင့် လုပ်ချိန်သုံးတဲ့ ဖင်ထိုင်ခုံလို ခုံအနိမ့်ကို မသုံးပါနဲ့။ ချောင်းဆိုးတာ၊ နှာခြေတာ လုပ်ရတိုင်း၊ စအိုနေရာကို စိတ်ကနေ ထိန်းထားပါ။ အလေးအပင်မတာ၊ အထိုင်အထ လုပ်တာမှာလဲ ထိန်းပြီးမှ လုပ်ပါ။

ခြေလေးချောင်း တိရိစ္ဆာန်တွေမှာ လိပ်ခေါင်း မဖြစ်ပါ။ ရောဂါထနေရင် တယောက်တည်း ရှိနေတဲ့အခါ၊ အိပ်ယာပေါ်မှာ လေးဘက်ထောက် အနေအထားနဲ့ နားနေရင် သင့်ပါတယ်။ စအိုနေရာကို ဘာဖိအားမှ မသက်ရောက်စေလို့ပါ။

အိမ်သာက ဆောင့်ကြောင့် ထိုင်ရတာမျိုးကို မသုံးပါနဲ့။ အင်္ဂလိပ်ပုံစံဆိုတာမျိုး သုံးပါ။ ခါးကို ၉ဝ ဒီဂရီထိုင်လို့ရတာမျိုး။ ဝမ်းသွားပြီးတိုင်း စက္ကူ၊ တွိုင်းလက်ပေပါ၊ တစ်ရှူး အစား၊ ရေကိုသာသုံးပါ။

Hemorrhoids လိပ်ခေါင်းကို ဆေးနဲ့ ကုတယ်ဆိုတာ ခံစားနေရတာတွေ သက်သာစေဘို့ ဖြစ်တယ်။

• ရေနွေးထဲမှာ ၁ဝ မိနစ်ကြာ ထိုင်ပါ။ ထပ်ထိုင်နိုင်လေ ကောင်းလေ။

• ရောင်နေရင် ရေခဲကပ်ပေးပါ။

• (ကော်တွန်) အတွင်းခံကိုသာ ခပ်ချောင်ချောင် ဝတ်ဆင်ပါ။

• ဝမ်းသွားပြီးတိုင်း စအိုကို စိုနေတဲ့အဝတ်၊ တစ်ရှူးနဲ့ သန့်ရှင်းပါ။ ရေသုံးတာ အကောင်းဆုံးပါ။ ရေနွေထက်ကောင်းတာ မရှိပါ။

• နာနေရင် Acetaminophen or Aspirin ဆေး တမျိုးမျိုးသောက်ပါ။ အစာနဲ့ ဆေးနီးပါစေ။

• လိပ်ခေါင်းထည့်ဆေး တမျိုးမျိုးထည့်ပါ။ Hydrocortisone ဆိုတဲ့ (ကော်တီဇုံး) ပါတတ်တယ်။ သတိထားဘို့က နာတာ၊ ရောင်တာ၊ ယားတာတွေ ယာယီသက်သာစေဘို့သာဖြစ်တယ်။ ဆေးနာမယ်တချို့ကတော့ -

- Proctosedyl ointment လိမ်းဆေး၊

- Homeopathic Hemorrhoid Relief ointment ဟိုမီယိုပက်သစ် လိမ်းဆေး၊

- Anusol HC Ointment ယားတာ-ရောင်တာအတွက်လိမ်းဆေး၊

- Avenoc Ointment ယားတာ-ရောင်တာ-နာတာအတွက်လိမ်းဆေး၊

- Heel/BHI - Hemorrhoid Relief Ointment 50g လိမ်းဆေး

- Hemmorex Ointment 1oz ရိုးရိုးလိပ်ခေါင်းအတွက် လိမ်းဆေး၊

- Medline Hemorrhoid Relief Ointment 2 Oz Tube လိမ်းဆေး၊



Internal hemorrhoids အတွင်းလိပ်ခေါင်းကုသနည်းများ

1. Rubber Band Ligation သားရေကွင်းနည်း၊

2. Injection Sclerotherapy ထိုးဆေးနည်း၊

3. Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊

4. Laser Coagulation လေဆာနည်း၊

5. Hemorrhoidectomy ခွဲစိတ်နည်း၊

External hemorrhoids အပြင်လိပ်ခေါင်း ကုသနည်းများ

1. Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊

2. Laser Coagulation လေဆာနည်း၊

3. Hemorrhoidectomy ခွဲစိတ်နည်း၊


• Hemorrhoidectomy is recommended. ပြန်သွင်းမရတဲ့ လိပ်ခေါင်းအတွက် ခွဲစိတ်နည်းက အကောင်းဆုံးဖြစ်တယ်။

• Thrombosed external hemorrhoid အပြင်လိပ်ခေါင်မှာ ရုတ်တရက်သွေးပြန်ကြောပိတ်လို့ အတင်းနာရင် ခွဲစိတ်နည်း ချက်ချင်းလုပ်တာ ကောင်းတယ်။


Self-Care မိမိဖါသာ ဂရုစိုက်နည်း

• လိပ်ခေါင်းအတော်များများက သူ့ဖါသာသူ ၁-၂ ပါတ်အတွင်း သက်သာလာ နိုင်တယ်။

• ဖိုင်ဘာများ အစားအစာတွေ စားပါ။

• ရေ တနေ့ ၈ ခွက်သောက်ပါ။

• ကိုယ်လက်လှုတ်ရှားမှု ပိုလုပ်ပါ။

• ဝမ်းမာနေရင် ဝမ်းလွယ်မဲ့ အစားအစာတွေ စားပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့်၊ ကန်စွန်းရွက်၊ Milk of Magnesia ဇွန်းကြီး ၂ ဇွန်း အိပ်ရာဝင်သောက်ပါ။

• ကိုယ်အလေးချိန် များနေရင် လျှော့ချပါ။

• အလုပ်မအားလို့ ဝမ်းသွားမှာကို ထိန်းထာတာမျိုး မလုပ်ပါနဲ့။

• တကိုယ်ရေ သန့်ရှင်းရေး၊ စအိုတဝှိုက် သန့်ရှင်းရေး လုပ်ပါ။


ဒေါက်တာတင့်ဆွေ
၅-၅-၂ဝ၁ဝ
၁၂-၁ဝ-၂ဝ၁ဝ
၂ဝ-၈-၂ဝ၁၃




Credit to>>> • Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ http://dts-medicaleducation.blogspot.com/2012/01/hemorrhoids-treatment.html



Share this article :

Post a Comment

 
𝕾𝖚𝖕𝖕𝖔𝖗𝖙 : 𝕮𝖗𝖊𝖆𝖙𝖎𝖓𝖌 𝖂𝖊𝖇𝖘𝖎𝖙𝖊 𝓨3𝓚𝓗
𝕮𝖔𝖕𝖞𝖗𝖎𝖌𝖍𝖙 © 2011~2019 Pro Skill - 𝕬𝖑𝖑 𝕽𝖎𝖌𝖍𝖙𝖘 𝕽𝖊𝖘𝖊𝖗𝖛𝖊𝖉
𝕿𝖊𝖒𝖕𝖑𝖆𝖙𝖊 𝕮𝖗𝖊𝖆𝖙𝖎𝖓𝖌 𝖂𝖊𝖇𝖘𝖎𝖙𝖊 𝕻𝖚𝖇𝖑𝖎𝖘𝖍𝖊𝖉 𝖇𝖞 𝓨3𝓚𝓗
𝕻𝖗𝖔𝖚𝖉𝖑𝖞 𝖕𝖔𝖜𝖊𝖗𝖊𝖉 𝖇𝖞 𝕭𝖑𝖔𝖌𝖌𝖊𝖗